ဒေါက်တာထွန်းနိုင်၊ ဥက္ကဌ၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် အဖွဲ့ဝင်များသည် Myanmar Chemical & Machinery Co., Ltd, Yunnan Indo-Pacific Group (Indo-Pacific) နှင့် Zhong'an and CNPC East China Design Institute (CEI) မှ ကိုယ်စားလှယ်များအား ၂
ဒေါက်တာထွန်းနိုင်၊ ဥက္ကဌ၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် အဖွဲ့ဝင်များသည် Myanmar Chemical & Machinery Co., Ltd, Yunnan Indo-Pacific Group (Indo-Pacific) နှင့် Zhong'an and CNPC East China Design Institute (CEI) မှ ကိုယ်စားလှယ်များအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်နေ့၊ နေ့လည်ပိုင်းတွင် Online Video Conferencing ဖြင့် လက်ခံတွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဒေါက်တာထွန်းနိုင်၊ ဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ထားဝယ် အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမည် Investors နှင့် Developers များရရှိနိုင်မည့် အထူးစီးပွါးရေး ဇုန်ဥပဒေ၊ နည်းဥပဒေများအရ အခွင့်အလမ်းနှင့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားပါသည်။
ထို့နောက် Myanmar Chemical & Machinery Co., Ltd မှ Chief Executive Officer ဦးအောင် မျိုးမင်းမှ မြန်မာနိုင်ငံအခြေစိုက် MCM Co., Ltd, ၎င်း၏ မိတ်ဖက်ကုမ္ပဏီများဖြစ်သည့် Indo-Pacific Group နှင့် Zhong'an and CEI မှကိုယ်စားလှယ်များနှင့် မိတ်ဆက်ပေးခဲ့ပြီး ဆောင်ရွက်လိုသည့် Refinery စီမံကိန်းနှင့် ပတ်သက်၍ ကနဦးရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ Indo-Pacific Group မှ ကိုယ်စားလှယ်များမှ Refinery စီမံကိန်းနှင့် စပ်လျဉ်း၍ အသေးစိပ်ရှင်းလင်းတင်ပြပြီး၊ CEI မှ နည်းပညာပိုင်းဆိုင်ရာနှင့် ဆောင်ရွက်သွားမည့် Feasibility Study နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။
ထို့နောက် တက်ရောက်လာသူများမှ အပြန်အလှန်မေးမြန်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ ဒုတိယဥက္ကဌ (၁) ဒေါ်ရီရီ ချို၊ ဒုတိယဥက္ကဌ (၂) ဒေါက်တာမြင့်ဆန်း၊ အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်၊ ကော်မတီအဖွဲ့ဝင်များနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးဝင်းထွဋ်ဦးတို့ တက် ရောက်ခဲ့ကြပါသည်။