လူမှုမီဒီယာနှင့် သက်ကြီးရွယ်အိုများ

လက်ရှိတွင် လူမှုမီဒီယာသည် သတင်းအချက်အလက်များ ဖြနေ့်၀ခြင်း၊ အတွေ့အကြုံများ မျှေ၀ခြင်းနှင့် သူငယ်ချင်းများ၊ မိသားစုများနှင့် ဆက်သွယ်ခြင်းများ ပြုလုပ်နိုင်သော နေရာတစ်ခု ဖြစ်သည်။ လူများစွာသည် လူမှုမီဒီယာအား မျိုးဆက်သစ်များအတွက်သာ သီးသန့်ဖြစ်သည်ဟု ထင်ကောင်းထင်လိမ့်မည်။ သို့သော် သက်ကြီးရွယ်အိုများ အနေဖြင့် လူမှုမီဒီယာများကို အချိန်နှင့်အမျှ တိုးတက်စေရန်သာမက သူငယ်ချင်းများနှင့် အခြားမိသားစု၀င်များနှင့် အဆက်အသွယ် ရှိစေရန် အသုံးပြုလာကြပြီ ဖြစ်သည်။

၂၀၁၈ တွင် ပြုလုပ်ခဲ့သော လေ့လာချက်များအရ ထိုင်းနိုင်ငံရှိ သက်ကြီးရွယ်အိုများသည် အင်တာနက်ကို တစ်နေ့လျှင် ပျမ်းမျှအားဖြင့် ၄ နာရီကြာ အသုံးပြုကြပြီး အသုံးအများဆုံး အက်ပလီကေးရှင်းမှာ Line, Facebook နှင့် Youtube ဖြစ်သည်။ ဤအက်ပလီကေးရှင်းများမှ တဆင့် စာတိုများ၊ ဗီဒီယိုနှင့် ဓာတ်ပုံများ ပေးပို့ခြင်း၊ သတင်း အကြောင်းအရာများအား မျှေ၀ခြင်း တို့ပြုလုပ်ကြသည်။

သက်ကြီးရွယ်အိုများအတွက် လူမှုမီဒီယာ၏ အကျိုးကျေးဇူးများ

• ပတ်၀န်းကျင်ရှိ နောက်ဆုံးပေါ် သတင်းအချက်အလက်များ သိရှိနိုင်ခြင်း
• ဆောင်းပါးအသစ်များကို ဖတ်ခြင်း
• အကြောင်းအရာ အသစ်များကို လေ့လာနိုင်ခြင်း
• အထီးကျန်ခြင်းကို လျှော့ချပေးခြင်း
• ပျင်းရိမှုကို လျှော့ချပေးခြင်း
• ချစ်ခင်သူများနှင့် အဆက်အသွယ် မပြတ်စေခြင်း
• သူငယ်ချင်းဟောင်းများ သာမက သူငယ်ချင်းအသစ်များကို ရှာပေးခြင်း

ဆိုးကျိုးများ

• ကျန်းမာရေး ထိခိုက်စေခြင်း
• မျက်စိအမြင် ထိခိုက်တတ်ခြင်း
• မှားယွင်းသော ကိုယ်ဟန် အနေအထားကြောင့် လည်ပင်းနှင့် နောက်ကျော နာကျင်ခြင်း
• အိပ်ရာမ၀င်မီ ဆိုရှယ်မီဒီယာ သုံးခြင်းကြောင့် အိပ်မပျော်ခြင်း
• ကိုယ်လက် လှုပ်ရှားမှု မရှိခြင်း
• မျက်နှာချင်းဆိုင် ဆက်သွယ်မှု မရှိခြင်း
• ငွေနှင့် အချိန်ကုန်ခြင်း
• မခိုင်လုံသော သတင်း အချက်အလက်များ လက်ခံရရှိခြင်း

နည်းပညာသည် သက်ကြီးရွယ်အိုများအား လူမှုရေး ဆက်သွယ်မှုများ ရှိနေရန် ကူညီရာတွင် တစ်စိတ်တစ်ပိုင်းမှ ပါ၀င်သည်။ ၎င်းသည် သူတို့၏ စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးအတွက် အထီးကျန်ခြင်းကို လျှော့ချခြင်းဖြင့် သူတို့၏ ဘ၀အရည်အသွေးကို တိုးတက်စေနိုင်သည်။ သို့သော် လူမှုရေး မီဒီယာများတွင် အချိန်များစွာ မဖြုန်းသင့်ပါ။ (တစ်နေ့လျှင် ၂-၃ နာရီအထိ)။ အထူးသဖြင့် အိပ်ရာမ၀င်မီ အချိန်တွင် အသုံးမပြုသင့်ပါ။

ပိုမိုသိရှိလိုပါက ဘန်ကောက်ဆေးရုံကြီး